စူပါအယ်လ်နီညိုအတွက် ဘာတွေပြင်ဆင်ထားကြပြီလဲ
၂၀၂၇ ခုနှစ်မှာ ဖြစ်လာမဲ့ စူပါအယ်လ်နီညို (Super El Niño) ဆိုတာဘာလည်း၊ အယ်လ်နီညိုကြောင့် ဘာတွေထိခိုက်ပျက်စီးနိုင်လဲ၊ ဘာတွေပြင်ဆင်ထားရမလည်းဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။
သတိထားရမဲ့ အယ်လ်နီညိုကပ်ဘေး
၂၀၂၆ မေလနဲ့ ဇွန်လမှနေစပြီး သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး စူပါအယ်လ်နီညို (Super El Niño) စတင်ဖြစ်ပေါ်လာမည်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) နှင့် NOAA (National Oceanic and Atmospheric Administration) တို့ဖက်ကနေ ထုတ်ပြန်ထားပါတယ်။
၂၀၂၆ နှစ်ကုန်ပိုင်းမှာ အားကောင်းတဲ့ အယ်လ်နီညို အဆင့်ကို ရောက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ NOAA ရဲ့ ခန့်မှန်းချက်တွေအရ ဇူလိုင်လအတွင်း အယ်လ်နီညို ဖြစ်ပေါ်နိုင်ခြေ ၈၂% ရှိပြီး၊ တော့ ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ၉၈% အထိ ရှိလာမယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် အယ်လ်နီညိုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အယ်လ်နီညိုတွေနဲ့ မတူဘဲ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း ၁၈၇၇ ခုနှစ် နောက်ပိုင်းကာလထိ) သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ဖြစ်လာမယ်လို့ နိုင်ငံတကာ မိုးလေဝသသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ၂၀၂၇ ခုနှစ်မှာ စူပါအယ်လ်နီညို (Super El Niño) ရဲ့ သက်ရောက်မှုကြောင့် သမိုင်းတစ်လျှောက် အပူပြင်းဆုံးနှစ်ဖြစ်မယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာမှုတွေက ဆိုပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ အယ်လ်နီညိုဖြစ်စဥ်ရဲ့ သက်ရောက်မှုကြောင့် ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ မုန်တိုင်းတွေ၊ ရေကြီးတာတွေနဲ့ မိုးခေါင်ရေရှားဖြစ်စဉ်တွေ အပူချိန်အလွန်တိုးလာတာတွေကို အပြင်းထန်ဆုံးခံရလေ့ရှိပါတယ်။
အယ်လ်နီညိုဟာ သာမန်အားဖြင့် ၂ နှစ်ကနေ ၇ နှစ်အတွင်း တစ်ကြိမ်ဖြစ်ပေါ်တတ်ပေမဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် အယ်လ်နီညိုဖြစ်စဉ်ဟာ ပိုဖြစ်များလာတာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းဟာ အယ်လ်နီညိုသက်ရောက်မှုရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပြီးတော့ ဆိုးရွားပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့တာကို သတိထားဖို့ လိုပါတယ်။
ဒီဆောင်းပါးမှာတော့ အယ်လ်နီညိုဆိုတာဘာလည်း၊ အယ်လ်နီညိုကြောင့် ဘာတွေထိခိုက်ပျက်စီးနိုင်လဲ၊ ဘာတွေပြင်ဆင်ထားရမလည်းဆိုတာကို ဆွေးနွေးသွားပါမယ်။
အယ်လ်နီညိုဆိုတာဘာလဲ ??
အယ်လ်နီညိုဆိုတာ သက်ရှိကမ္ဘာလောကကြီးဒုက္ခပေးနေတဲ့ သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး တစ်ခုလို့ အလွယ်တကူခေါ်လို့ရပါတယ်။ အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲကာ ပြင်းထန်တဲ့ အပူလှိုင်းတွေကြောင့် မိုးခေါင်မှုတွေဖြစ်ပေါ်လေ့ရှိပါတယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုဟာ တစ်ဒေသနဲ့ တစ်ဒေသ တူညီမှုမရှိကြပဲ တစ်ချိူ့ဒေသတွေမှာတော့ ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်တတ်ပါတယ်။ အယ်လ်နီညိုဆိုတာ ကမ္ဘာ့ရာသီဥတုပုံမှန်မဟုတ်ပဲ ဖောက်ပြန်နေတဲ့ ဖြစ်စဉ်လို့ အလွယ်တကူ ပြောလို့ရပါတယ်။
အယ်လ်နီညိုဖြစ်စဉ်ဟာ တစ်ကြိမ်နဲ့တစ်ကြိမ် သက်ရောက်မှု မတူညီကြပါဘူး။ ဒါပေမဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာတော့ မိုးခေါင်ရေရှားတာတွေနဲ့ ပိုမိုပှုနွေးတာတွေကို တွေ့ရတတ်လေ့ရှိပါတယ်။ အရှေ့တောင်အာရှဒေသတွေမှာတော့ အယ်လ်နီညိုကြောင့် စံချိန်သစ် တင်နိုင်တဲ့ အပူချိန်တွေကို တွေ့ရတတ်ပါတယ်။
အယ်လ်နီညိုကြောင့် ဘာတွေထိခိုက်ပျက်စီးနိုင်သလဲ
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆန်စပါး၊ ပဲမျိူးစုံ၊ ဆီထွက်သီးနှံစတဲ့ စိုက်ပျိူးရေး ထုတ်လုပ်မှုတွေ အားလုံးဟာ ထိခိုက်မှု များစွာနဲ့ ကြုံတွေ့ရတတ်လေ့ရှိပါတယ်။ စိုက်ပျိူးရေးထွက် ပစ္စည်းတွေ ထုတ်လုပ်မှု လျော့ကျမှုကြောင့် ကမ္ဘာ့ကြီးရဲ့ စားနပ်ရိက္ခာ ဖူလုံမှုအပေါ်မှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။
စိုက်ပျိူးရေးကို အဓိကထားပြီး လုပ်ကိုင်နေကြတဲ့ နိုင်ငံတွေမှာ နွေစပါး၊ မိုးစပါးထုတ်လုပ်မှုတွေမှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေပါ ရှိလာနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံဟာ ဆန်စပါးနှင့် စိုက်ပျိူးရေးကို အဓိကထားပြီးလုပ်ကိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် အယ်လ်နီညိုကြောင့် စိုက်ပျိူးရေးကဏ္ဍတွေမှာ ထိခိုက်မှုများစွာရှိလာနိုင်ပါတယ်။
အယ်လ်နီညိုဟာ စိုက်ပျိူးရေးကဏ္ဍတစ်ခုတည်းကိုပဲ ထိခိုက်စေတာမဟုတ်ပါဘူး။ အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်ကာ ရေရှားပါးမှုတွေပါ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်ကာ တိရစ္ဆာန်တွေအတွက် အစာရေစာရှားပါးခြင်း၊ တိရစ္ဆာန်အစားအစာ ဈေးနှုန်းများ မြင့်တက်ခြင်း၊ ပူပြင်းခြောက်သွေ့မှုတွေ ပြင်းထန်ကာ ရေချိူရရှိမှုတွေ ခက်ခဲလာတာ၊အပူချိန်မြင့်တက်လာမှုကြောင့် အောက်ဆီဂျင် လိုအပ်မှုတွေ များလာနိုင်တာ၊ အပူချိန်ကြောင့် ရောဂါနဲ့ အဆိပ်အတောက်ဖြစ်မှုတွေ မကြာခဏဖြစ်လာတာ၊ ဇီဝက္မဗေဒဆိုင်ရာ ဆိုးကျိူးထိခိုက်မှုတွေ မကြာခဏဖြစ်ပွားလာတာ၊ မျိူးပွားထုတ်လုပ်မှုတွေ ကျဆင်းခြင်းနှင့် အစားအစာမှတစ်ဆင့် အသားပြောင်းနှုန်းများ လျော့ကျလာနိုင်ပါတယ်။
အယ်လ်နီညိုကြောင့် ဒေသတွင်းမဟုတ်တဲ့ ရေနေသတ္တဝါတွေပါ ဝင်ရောက်လာတာတဲ့အတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ ရေညှိ၊ ရေမှော်တွေ အလွန်ပေါများလာနိုင်ပါတယ်။ ဒါ့အပြင် အယ်လ်နီညိုကြောင့်ရေကြီးရေလျှံမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာတဲ့အခါလဲ အသက်ဆုံးရှံးမှုတွေနဲ့ပါ ကြုံရနိုင်ပါတယ်။
တစ်ဖက်မှာလည်း စူပါအယ်လ်နီညိုကြောင့် ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ မုန်တိုင်းတွေကိုပါ ဖြစ်ပေါ်စေတာကြောင့် ဆုံးရှုံးမှုများပြားလေ့ရှိပါတယ်။
အယ်လ်နီညိုအတွက် ဘာတွေပြင်ဆင်ထားရမလဲ
အယ်လ်နီညိုကြောင့် စိုက်ပျိူးရေးကဏ္ဍတွေမှာ ထိခိုက်မှုတွေ များစွာရှိလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဆန်စပါးလို အဓိကကျတဲ့ သီးနှံတွေအတွက် ထိရောက်တဲ့ ရေတိုရေရှည် စီမံကိန်းတွေ ပြုလုပ်ထားဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်သင်တဲ့ စီမံကိန်းတွေကတော့ ရေလိုအပ်ချက်နည်းပြီး အထွက်ကောင်းတဲ့ ဆန်စပါးများ စိုက်ပျိူးတာ၊ ရာသီဥတုနဲ့ သင့်လျော်တဲ့ စိုက်ပျိူးရေးနည်းစနစ်တွေ ပြုလုပ်တာ၊ စိုက်ပျိူးရေးနည်းစနစ်တွေကို ပညာပေးပြီးမျှဝေတာ၊ ဈေးကွက်အတွက် လိုအပ်တဲ့ သီးနှံတွေ စိုက်ပျိုးတာ၊ ရေသွင်းစနစ်တွေပြုလုပ်တာ၊ မြေဆီလွှာအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားနိုင်တဲ့အတွက် ဆည်ရေတွေပါ လျော့နည်းလာမှာ ဖြစ်တဲ့အတွက် ရေချိူတွေကို အလေအလွင့်နည်းအောင် ထိန်းသိမ်းထားပြီး၊ ချွေတာထားသင့်ပါတယ်။ စိုက်ပျိူးမြေ၊ သောက်သုံးရေတွေအပြင်၊ ရေကိုအဓိကထားပြီး လုပ်ကိုင်နေရတဲ့ မွေးမြူရေး လုပ်ငန်းတွေမှာလဲ အရေးပေါ်ရေအတွက် အစီအစဉ်တွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
အယ်လ်နီညိုကြောင့် ဖြစ်လာမဲ့ ဆိုးကျိူးတွေဟာ များပြားတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းအောင် ကြိုတင်ပြင်ဆင်ပြီး အပင်တွေစိုက်ပျိူးတာ၊ ဒီရေတောတွေ စိုက်ပျိုးတာ၊ သစ်ပင်တွေကို အတတ်နိုင်ဆုံး ခုတ်ထွင်မပစ်ဖို့ အသိပေးဖို့ လိုအပ်ပါတယ်။
အယ်လ်နီညိုရာသီဥတုအပြင်းဆုံးကာလတွေမှာ မိုးခေါင်တာ၊ ရေရှားတာ၊ ရေကြီးတာ၊ မုန်တိုင်းပြင်းထန်တာ၊ အပူဒဏ်ကြောင့် ရောဂါကျရောက်မှုတွေ ပိုတိုးလာတာ၊ စိုက်ပျိူးရေးထိခိုက်တာ၊ မွေးမြူရေးတွေ ပျက်စီးဆုံးရှံးတာတွေအပြင်၊ အပူချိန်ပြင်းထန်မှုကြောင့် တောမီးလောင်တာတွေပါ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံလို အဖက်အဖက်ကနေ ဆုတ်ယုတ်နေတဲ့ တိုင်းပြည်မှာ အယ်လ်နီညိုကြောင့် ထိခိုက်ပျက်စီးမှုတွေ ပိုတိုးလာနိုင်ကာ ပြည်သူလူထုတွေဟာ လူမှုဒုက္ခတွင်းဆုံးကျတဲ့ ကပ်ဘေး(Humanitarian Disaster) နဲ့ ကြုံတွေ့ရနိုင်ပါတယ်။
တစ်ပြည်လုံးအနဲ့မှာ ပြည်တွင်းစစ်နဲ့ နပမ်းလုံးနေရတဲ့အတွက် အယ်လ်နီညိုသက်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်တာတွေ အခုထက်ထိ မရှိသေးပါဘူး။ အခြားနိုင်ငံတွေမှာတော အယ်လ်နီညိုကပ်ဘေးအတွက် ရေကြိုတင်သိုလှောင်ထားတာ၊ အပူချိန်ခံနိုင်မဲ့ သီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့အတွက် လုပ်ဆောင်နေကြပါပြီ။
အယ်လ်နီညိုကြောင့် စိုက်ပျိူးရေးအများဆုံးထိခိုက်နိုင်တဲ့အတွက် ဆန်စပါးထုတ်လုပ်မှုတွေပါ တဟုန်ထိုးကျဆင်းသွားနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေသာ မပြုလုပ်ထားဘူးဆိုရင် အယ်လ်နီညိုရဲ့ သက်ရောက်မှုဟာ မြန်မာလူ့အဖွဲ့အစည်းတစ်ခုလုံးကို ပြင်းထန်တဲ့ ဆိုးကျိူးသက်ရောက်စေမှာပါ။
ဆန်စပါးအထွက်နှုန်း ကျဆင်းနိုင်တဲ့အတွက် အစားထိုးသီးနှံတွေ စိုက်ပျိူးဖို့ ရေတိုရေရှည် စီမံကိန်းတွေ လုပ်ထားဖို့ လိုပါတယ်။ ရေလိုအပ်ချက်နည်းပြီး အထွက်ကောင်းတဲ့ ဆန်စပါးတွေ စိုက်ပျိူးတာ၊ ရာသီဥတုနဲ့ သင့်လျော်တဲ့ စိုက်ပျိူးရေးနည်းစနစ်တွေ ပြုလုပ်တာ၊ စိုက်ပျိူးရေးနည်းစနစ်တွေကို ပညာပေးပြီးမျှဝေတာ၊ ဈေးကွက်အတွက် လိုအပ်တဲ့ သီးနှံတွေ စိုက်ပျိုးတာ၊ ရေသွင်းစနစ်တွေပြုလုပ်တာ၊ မြေဆီလွှာအတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားနိုင်တဲ့အတွက် ဆည်ရေတွေပါ လျော့နည်းလာမှာ ဖြစ်တဲ့အတွက် ရေချိူတွေကို အလေအလွင့်နည်းအောင် ထိန်းသိမ်းထားပြီး၊ ချွေတာထားသင့်ပါတယ်။ စိုက်ပျိူးမြေ၊ သောက်သုံးရေတွေအပြင်၊ ရေကိုအဓိကထားပြီး လုပ်ကိုင်နေရတဲ့ မွေးမြူရေး လုပ်ငန်းတွေမှာလဲ အရေးပေါ်ရေအတွက် အစီအစဉ်တွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
အယ်လ်နီညိုကြောင့် ဖြစ်လာမဲ့ ဆိုးကျိူးတွေဟာ များပြားတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းအောင် ကြိုတင်ပြင်ဆင်ပြီး အပင်တွေစိုက်ပျိူးတာ၊ ဒီရေတောတွေ စိုက်ပျိုးတာ၊ သစ်ပင်တွေကို အတတ်နိုင်ဆုံး ခုတ်ထွင်မပစ်ဖို့ အခုကတည်းကနေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်


